ဘုရားရှင်၏ သတိပေးမှုများ
ကျွန်ုပ်၏မိတ်ဆွေ ဘော့ဟိုမား က သခင်ယေရှုအား ‘‘သတိပေးနှိုးဆော်ခြင်းအမှုတွင် ဆရာကြီး’’ ဟု၍ဖော်ညွှန်းထားသည်။ ကျွန်ုပ်တို့သည် သံသယ၀င်လွယ်ပြီး အမေ့လွယ် သူများ ဖြစ်သောကြောင့် ဤကဲ့သို့ ဖော်ညွှန်းခြင်းက ကောင်းပေသည်။ ဤလောကမြေတွင် သခင်ယေရှု ကျင်လည်ခဲ့စဉ်က သူ့ထံရောက်လာသူများ၏လိုအင်များကို သခင် ဖြည့်ဆည်း ပြည့်ဝစေခဲ့သော်လည်း တပည့်တော်များက မပြည့်စုံမှု လိုအပ်မှု
များနှင့် ၎င်းတို့ကျန်ခဲ့မည်ကို စိုးရိမ်နေခဲ့သည်။ နိမိတ် လက္ခဏာများကို ၎င်းတို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသော်လည်းသခင်ဘုရား သူတို့ကို သတိရ၊ အမှတ်ရစေလိုသောအရာ၏ အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပါ။
ဂါလိလဲပင်လယ်ကို ဖြတ်သန်းသွားသည့် ခရီးစဉ်တွင်
တပည့်တော်များသည် မုန့်ယူလာရန် မေ့ပြီး ထိုအကြောင်းကို ပြောနေကြစဉ် သခင်က ‘‘ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည် ကြသလော့။ သင်တို့စိတ်နှလုံး မိုက်သေးသလော။ မျက်စိရှိလျက်ပင် မမြင်၊၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော’’ (မာ ၈း၁၇-၁၈)…
ယနေ့ သင့်အတွက် ဆုတောင်းပေးနေသည်
စိတ်ရှုပ်စရာအခြေအနေ (သို့) အခက်အခဲပြဿနာများနှင့် ကျွန်ုပ်တို့ ရင်ဆိုင်ရသောအခါ ခရစ်တော်၌ ညီအစ်ကို မောင်နှမများအား ဆုတောင်းပေးရန် အကူအညီ တောင်းတတ် ကြသည်။ ကျွန်ုပ်တို့အတွက် ၎င်းတို့ဆုတောင်းပေးလျက် ဘုရားရှင်ထံပို့ဆောင်နေကြောင်း သိရခြင်းသည် ခွန်အားပေးမှုကြီးတစ်ခုဖြစ်သည်။ အလွန်ရင်းနှီးသည့် ခရစ်ယာန် သူငယ်ချင်းများ မရှိလျှင်၊ သို့မဟုတ် ဧ၀ံဂေလိတရားကို ဆန့်ကျင်တားဆီးသည့်နေရာဒေသတွင် သင်ရောက်နေလျှင် သင့်အတွက် မည်သူ ဆုတောင်းပေးမည်နည်း။
သမ္မာကျမ်းမှ အကြီးမြတ်ဆုံးနှင့် အောင်မြင်ခြင်းနှင့် စပ်ဆိုင်သောကျမ်းပိုဒ်ဖြစ်သည့် ရောမအခန်းကြီး ၈ တွင် ‘‘ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်း အမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ၀ိညာဉ်တော်သည် စောင့်မတော်မူ၏။ … ၀ိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီ စောင့်မတော်မူ၏’’ (ရော ၈း၂၆-၂၇) ဟူ၍ ကြွေးကြော်ထားသည်။ ၀ိညာဉ်တော်သည် သင့်အဖို့…
နွမ်းနယ်သူတို့အတွက်စကား
ဖခင်ဆုံးပြီး ရက်အနည်းငယ်အကြာတွင် အသက် ၃၀ အရွယ် စီအက်စ်လူးဝစ် သည် လွန်ခဲ့သော အနှစ် ၂၀ က သူ့မိခင် မမာမကျန်းဖြစ်ပြီး သေဆုံးသွားချိန်ထိ ကရုဏာပြ ပြီး စောင့်ရှောက်ပေးခဲ့သည့် အမျိုးသမီးထံမှ စာတစ်စောင်ရရှိခဲ့သည်။ သူ၏ကြေကွဲ ဆုံးရှုံးမှုအတွက် သူစာနာဝမ်းနည်းကြောင်း မေတ္တာပြရင်း သူ့ကို မှတ်မိသေးပါရဲ့လား ဟုရေးသားထားသည်။ လူးဝစ် က ‘‘ချစ်ရတဲ့သူနာပြု ဆရာမ ဒေးဗစ်စင်’ရေ၊ ‘မှတ်မိလားလို့ မေးတယ်ပေါ့၊ ကျွန်တော် သိပ်မှတ်မိသင့်တာပေါ့ဗျာ’ ဟူ၍ စာပြန်ခဲ့သည်။
ဆရာမ သူတို့အိမ်၌ ရှိခဲ့သောအချိန်သည် အခက်ခဲ ဆုံးသောအချိန်ကို ဖြတ်သန်းခဲ့ရချိန်ဖြစ်ပြီး သူအတွက် သာမက သူ့ညီနှင့် အဖေအတွက်ပါ အလွန်အဓိပ္ပာယ် ရှိကြောင်း လူးဝစ် ပြန်ပြောင်း သတိရမိသည်။ ယခုကဲ့သို့ နှစ်သိမ့်မှုပြသောစာအတွက် ကျေးဇူးတင်ရင်း ‘‘ဟိုးအရင်က နေ့ရက်အချိန်တွေကို ပြန်ပြောင်းသတိရစေတဲ့အတွက် အင်မတန်မှပဲ နှစ်သိမ့်သက်သာမှုကို…
အချိန်နှင့် ကန့်သတ်၍မရသော
၂၀၁၆ ခုနှစ်အတွင်း ဗြိတိန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ပြဇာတ်ရုံကုမ္ပဏီများသည် ၀ီလျံ ရှိတ်စပီးယား ကွယ်လွန်သည့် အနှစ် ၄၀၀ ပြည့် အထိမ်းအမှတ်အနေနှင့် အထူး ထုတ်လုပ်တင်ဆက်မှုများ ပြုလုပ်ခဲ့ကြသည်။ ဂီတပဒေသာပွဲများ၊ စာပေဟောပြော ပို့ချခြင်းနှင့် ပွဲတော်များသည် အကျော်ကြားဆုံးသော အင်္ဂလိပ်ပြဇာတ်ရေးဆရာကြီး၏ အားထုတ်ဆောင်ရွက်မှုများကို ချီးကျူးဂုဏ်ပြုသည့် ပရိတ်သတ်ထုကြီးကို ဆွဲဆောင်ခဲ့သည်။ ရှိတ်စပီးယား နှင့် ခေတ်ပြိုင် စာရေးဆရာများမှတစ်ဦးဖြစ်သူ ဘင်ဂျွန်ဆင် က “သူမရှိတော့သော်လည်း သူသည် အစဉ်ရှင်သန်နေသည်” ဟု ရေးသားခဲ့သည်။
အနုပညာရှင်များ၊ စာရေးဆရာများနှင့် အတွေးအခေါ် ပညာရှင်အချို့၏လွှမ်းမိုးမှုသည် ရာစုနှစ်များတိုင် ကြာညောင်း
နိုင်သော်လည်း ယေရှုခရစ်တစ်ပါးတည်း၏ အသက်တာနှင့် အမှုတော်သာလျှင် ထာဝရတည်လိမ့်မည်။ ကိုယ်တော်သည် “ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်ပြီး၊ … ဤမုန့်ကို စားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်” (း၅၈)ဟု မိန့်တော်မူခဲ့သည်။
သခင်ယေရှု၏သွန်သင်ချက် တရားစကားများကို ကြားနာပြီးနောက် စိတ်ပျက်သဖြင့်…
ကောင်းသော အတုယူခြင်း
‘‘တုပခြင်းလို့ခေါ်တဲ့ဂိမ်းကို တို့ဒီနေ့ ကစားမယ်’’ ဟု ဓမ္မပညာကျောင်းဆရာက စုဝေး ရောက်ရှိလာသော ကလေးငယ်များအား ပြောလိုက်သည်။ ‘‘ဆရာက နာမည်တစ်ခု ပြောလိုက်မယ်။ အဲဒါကို ကလေးတို့က သရုပ်ဖော်ရမယ်။ အဆင်သင့် ဖြစ်ကြပြီလား။ ‘‘ကြက်’’ ဟုပြောလိုက်သည်။ ကလေးငယ်များက သူတို့၏လက်ကို တောင်ပံခတ်၍ ကတော်ကြသည်၊ တွန်ကြသည်။ ထို့နောက် ဆင်၊ ဘောလုံး ကစားသမား၊ ဘဲလေးကချေသည် စသည်ဖြင့်ခေါ်ပြီး နောက်ဆုံးတစ်ခုမှာ သခင် ယေရှု ဖြစ်သည်။ ကလေးအများစု တုံ့ဆိုင်း သွားကြစဉ် ခြောက်နှစ်အရွယ်ကလေးတစ်ဦးက မျက်နှာကို ချိုသာစွာပြုံး၍ လက်နှစ်ဘက်ကို ဖွင့်လျက် ကြိုဆိုသည့်ဟန်ပန်ဖြင့် သရုပ်ဖော်လိုက်သည်။ ၀တ်ပြုရန် လာရောက်ကြသူများက သြဘာပေးခဲ့ကြသည်။
နေ့စဉ်ဘ၀အခြေအနေတိုင်းတွင် သခင်ယေရှုနှင့် တူသောအသက်တာဖြင့် ရှင်သန်ရန် ခေါ်တော်မူခြင်း ခံရ ကြောင်း ကျွန်ုပ်တို့ အလွယ်တကူ မေ့တတ်ကြသည်။ ‘‘ထိုသို့ သင်တို့သည် ဘုရားသခင်၏ချစ်သား…
အတူသွားကြစို့
ဒစ်စနီလဲန် ရှိ ဆွဲဆောင်မှုအရှိဆုံးအစီအစဉ်အတွက် တန်းစီရင်း၊ လူတန်းရှည်ကြီးနှင့် တန်းစီစောင့်ဆိုင်းရခြင်းကို လူများမညည်းတွားဘဲ အချင်းချင်း စကားပြောရင်း ရယ်မောနေကြသည်ကို ကျွန်ုပ် သတိပြုမိသည်။ ဤသို့ တန်းစီစောင့်ဆိုင်းရခြင်းကို ပျော်ရွှင်ကျေနပ်စရာအဖြစ်သို့ မည်သည့်အရာက ဖြစ်စေသနည်းဟု စဉ်းစားမိသည်။ ဤနေရာသို့ လူအချို့သာ မိမိဘာသာ လာကြခြင်းဖြစ်ပြီး အများစုမှာ မိသားစု၊ သူငယ်ချင်း၊ အဖွဲ့လိုက်နှင့် စုံတွဲများ ဖြစ်သဖြင့် မိမိဘာသာ တစ်ယောက်တည်း တန်းစီခြင်းထက် အဖွဲ့လိုက်တန်းစီနေခြင်းဖြစ်၍ ၎င်းခြားနားချက်က အဖြေ ဖြစ်သည်။
ခရစ်ယာန်အသက်တာသည် တစ်ယောက်တည်း နေရန် မဟုတ်ဘဲ အခြားသူများနှင့်ပေါင်းဖော်ရပါမည်။ ဟေဗြဲ ၁၀း၁၉း-၂၅ တွင် အခြားယုံကြည်သူ ခရစ်ယာန်များနှင့် အတူတကွ ပေါင်းသင်းနေထိုင်ရန် တိုက်တွန်းထားပါသည်။ “ငါတို့သည် သစ္စာနှင့်ပြည့်စုံသောသဘောရှိ၍ ၀ိစိကိစ္ဆာနှင့်
ကင်းသော ယုံကြည်ခြင်း၌တည်လျှက် စိတ်နှလုံးကို သံဝေဂ
တရားနှင့် လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ…
သင့်အတွေးကို ပုံသွင်းခြင်း
မာရှယ် မက်လူဟန် သည် ၁၉၆၄ ခုနှစ်က “နည်းပညာသည် သတင်းဖြစ်သည်”ဟူသည့် စကားလုံးကို စတင်တီထွင်ခဲ့စဉ်က ကွန်ပြူတာကို မသိ၊ မိုဘိုင်းဖုန်းများဆိုလျှင် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်မှ ပစ္စည်းတစ်ခုဖြစ်သည်။ အင်တာနက်ဆိုလျှင် ပေါ်ပင် မပေါ်သေးပါ။ သူကြိုတင်ပြောခဲ့ မြင်ခဲ့သည့်အရာက မျက်မှောက်ခေတ် ဒစ်ဂျစ်တယ်ကမ္ဘာ၌ ကျွန်ုပ်တို့
အပေါ် မည်မျှလွှမ်းမိုးနေသည်ကို ယခု ကျွန်ုပ်တို့ နားလည်နိုင် ပါပြီ။ နီကိုလပ်စ် ကားရ် ရေးသားသည့် The Shallows: What the Internet Is Doing to Our Brains, စာအုပ်တွင် “နည်းပညာများသည် တွေးစရာများ၊ အတွေး များကို ပေးသည်။ အတွေးရေအလျင်ကိုလည်း ပုံသွင်း လမ်းကြောင်းပေးသည်။ ထို့ပြင် ဤကွန်ယက်သည် ကျွန်ုပ်၏ အာရုံစူးစိုက်နိုင်စွမ်း၊ ဆင်ခြင်တွေးတောနိုင်စွမ်းကို တစ်စစီ ဖဲ့ထုတ်သကဲ့သို့ ထင်ရသည်။ အွန်လိုင်းပေါ်…
ကျွန်ုပ်တို့ ကြံစည်နိုင်သည်ထက်
အကောင်းဆုံးကစားစရာ ၅ ခု က ဘာများဖြစ်မလဲ၊၊ Jonathan H. Liu က တုတ်ချောင်း၊
စက္ကူဘူး၊ ကြိုး၊ ကတ်ထူပုံး၊ ရွှံ့တို့ဖြစ်သည်ဟု ဆိုသည်။ ထိုပစ္စည်းများကို အလွယ်တကူ ရနိုင်ပြီး အမျိုးစုံပြုလုပ်နိုင်သည်။ အရွယ်အားလုံးအတွက် သင့်တော်သည်သာမက၊ ငွေလည်းမကုန်၊ စိတ်ကူးကောင်းသည့်အတိုင်း တီထွင်ကြံဆနိုင်ပြီး၊ ဘက်ထရီ မလိုပါ။
တစ်စုံတစ်ရာကို စိတ်ကူးယဉ်ခြင်းက ကျွန်ုပ်တို့၏ အသက်တာတွင် အရေးပါသောကဏ္ဍဖြစ်ပြီး၊ ဧဖက်မြို့ရှိ
ခရစ်တော်နောက်တော်လိုက်များအတွက် ဆုတောင်းချက် တွင် တမန်တော်ကြီးရှင်ပေါလုက ထိုအချက်ကို ဖော်ပြထား၍ အံ့သြစရာမဟုတ်ပါ (ဧ ၃း၁၄-၂၁)။ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် သူတို့အား တန်ခိုးတော်နှင့်ခိုင်ခံ့စေရန် တောင်းလျှောက်ပြီးနောက် (း၁၆)၊ သူတို့သည် ခရစ်တော်၏ မေတ္တာတော်ကို အပြည့်အ၀ နားလည်ခံစားနိုင်ပါမည် အကြောင်း ဆုတောင်းခဲ့သည် (း၁၆၊ ၁၉)။ “ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း ငါတို့တောင်းပန်ကြံစည်သမျှထက်…
ဝင်ကြေး
နှစ်စဉ်နှစ်တိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၂ သန်းခန့်သည် လန်ဒန်မြို့ရှိ စိန်ပေါလ်
ဝတ်ပြုကျောင်းတော်သို့ လာရောက်လည်ပတ်ကြသည်။ ၁၇ ရာစုနှစ် နှောင်းပိုင်းက
ဆာ ခရစ်တိုဖာ ရန်း ဗိသုကာဒီဇိုင်း ရေးဆွဲတည်ဆောက်ခဲ့သည့် ရင်သပ်ရှုမောဖွယ် အံ့မခန်း လှပသော အဆောက်အအုံကို ခံစားကြည့်ရှုရခြင်းက ပေးရသည့် ၀င်ကြေးနှင့် တန်လှပေစွ။ သို့သော် ခရီးသွားလုပ်ငန်းမှ အမြတ်အစွန်းများရရှိခြင်းက သာမညဖြစ်ပြီး ခရစ်ယာန်များ၏ ကိုးကွယ်ယုံကြည်မှုက အဓိက ဖြစ်သည်။ ၀တ်ပြုကျောင်းတော်ကြီး၏ အဓိကလုပ်ငန်း ရည်မှန်းချက်မှာ ‘ကမ္ဘာတစ်ဝန်းရှိ မတူညီသည့် လူအပေါင်း တို့သည် ယေရှုခရစ်တော်၌တည်သော၊ အသက်တာကို ပြောင်းလဲစေနိုင်သော ထာဝရဘုရား မျက်မှောက်တော်ကို ကြုံတွေ့ခံစားရရန်’ ဖြစ်သည်။ ဘုရားကျောင်း အဆောက်အအုံ အတွင်း လှည့်ပတ်ကြည့်ရှုရင်း ဗိသုကာ အနုပညာလက်ရာကို ခံစားမြတ်နိုးနိုင်ရေး သင် ၀င်ကြေး ပေးဆောင်ရန်လိုသည်။ သို့သော် စိန်ပေါလ် ၀တ်ပြုကျောင်းတော်၏…
အချိန်မှတ်
စစ်တပ်၏အမိန့်ဖြစ်သော ‘‘အချိန်မှတ်၊ ချီတက်’’ ဆိုသည်က ရှေ့သို့မရွေ့ဘဲ မိမိ နေရာ၌သာ ဘယ်ညာနင်းနေရန်ဖြစ်သည်။ ၎င်းသည် စိတ်ဓာတ်ရေးရာပိုင်း၌ ပြင်ဆင်လျက် နောက်ထပ်ကျလာမည့်အမိန့်ကို မျှော်လင့်ရင်း ရှေ့သို့ရွေ့လျားရန် အတွက် တက်ကြွစွာနှင့် ခေတ္တဆိုင်းငံ့နေခြင်းဖြစ်သည်။
လူပြိန်းစကားနှင့် ဆိုရလျှင် ‘‘အချိန်မှတ်’’ ဆိုသည့် စကား၏အဓိပ္ပာယ်မှာ ‘‘ရှေ့တိုးခြင်းမရှိသော လှုပ်ရှားမှု၊ ဘယ်ဆီကိုမှမရောက်၊ စောင့်ဆိုင်းနေစဉ် မည်သည့် အရေးကြီးသည့် အမှုကိစ္စကိုမျှမလုပ်’’ ဟူ၍ဖြစ်သည်။ အချည်းနှီး အဓိပ္ပာယ်မရှိသော စောင့်ဆိုင်းမှုဟူသည့် စိတ်ခံစားမှုမျိုးကို ပေးသည်။
ဆန့်ကျင်ဘက်အနေနှင့် သမ္မာကျမ်းစာထဲမှ ‘‘စောင့်စားခြင်း’’ ဟူသောစကားလုံးမှာ ‘‘စိတ်ထက်သန်စွာနှင့် ရှာဖွေရန်၊ မျှော်လင့်ရန်၊ စောင့်ဆိုင်းရန်ဟု အဓိပ္ပာယ်ရသည်။ ကြီးမားသော ဒုက္ခပြဿနာများနှင့် ရင်ဆိုင်ရချိန်၌ ဆာလံဆရာက ‘‘အကျွန်ုပ် ဘုရားသခင်၊
ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ်၍ ရှက်ကြောက်ခြင်းသို့ မရောက်ရကြပါ’’ ဟု (ဆာ ၂၅း၂-၃) ရေးသားခဲ့သည်။
ကျန်းမာရေးစစ်ဆေး ရောဂါရှာဖွေခြင်း၊…